Latest News

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘွဲ့ကြို၊ဘွဲ့လွန်သင်တန်းများ၏ Academic Calendar

စာသင်ခန်းများနှင့် သင်ကြားရေးဌာနများ

ကျောင်းသား/ကျောင်းသူများသိရှိစေရန်။

ကျောင်းသားရေးရာဌာန၊ ဝန်ထမ်းရေးရာဌာန၊ ငွေစာရင်းဌာန၊ HR ၊IR,IRAM၊ စာကြည့်တိုက်၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် ရုံးခန်းများအားလုံးကို နည်းပညာတက္ကသိုလ်(ကျောက်ဆည်)အောင်ဆန်းခန်းမ တွင်ဖွင့်လှစ်ထားရှိပါသည်။

ကဆုန်လပြည့် (ဗုဒ္ဓနေ့) သံဃာတော် (၁၀၈)ပါး ဆွမ်းဆန်စိမ်း လောင်းလှူပွဲ

၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်းပါးပြိုင်ပွဲသို့ ကျောင်းသား/သူများ ဝင်ရာက်ယှဉ်ပြိုင်နိုင်ကြောင်း

စာမေးပွဲများ ပြန်လည်ကျင်းပမည့် စာမေးပွဲကာလအစီအစဉ်

နည်းပညာတက္ကသိုလ်(ကျောက်ဆည်) HR ဌာနနှင့် ချိတ်ဆက်၍ လျှောက်ထားနိုင်ပါသည်။

ကျောင်းသား/သူများသိရှိရန်

ကျောင်းသား၊ ကျောင်းသူများသိရှိစေရန် ‌(၁)      ကျောင်းသား/သူများ (၂.၆.၂၀၂၅ မှ ၅.၆.၂၀၂၅) ရက်နေ့ထိ ဖြေဆိုရန်ကျန်သည့် ဘာသာရပ်များ အတွက် exam များပြန်လည်ဖြေဆိုရပါမည်။ Result နှင့် Grading များကို စာမေးပွဲဖြေဆိုပြီး (၁) ပတ်အတွင်း ကြေညာမည်ဖြစ်ပါသည်။ (၂)      အတန်းအသစ်တက်မည့် ကျောင်းသား/ကျောင်းသူများ၏ ကျောင်းအပ်လက်ခံမည့်ရက်ကို အချိန်နှင့် တပြေးညီ ကြေညာပေးပါမည်။ (၃)      (၆.၆.၂၀၂၅) ရက်နေ့မှစ၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက်အား စတင်တက်ရောက် ရပါမည်။ (၄)      (၂၈.၅.၂၀၂၅) ရက်နေ့မှစ၍ ကျောင်းတွင်းအဆောင်များသို့ ဝင်ရောက်နိုင်မည်ဖြစ်ပါကြောင်းနှင့် (၃၀.၅.၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍  ကျောင်းတွင်းအဆောင်များသို့ ဝင်ရောက်ရန် အသိပေး အကြောင်းကြားအပ်ပါသည်။

ကျောင်းသား/သူများအား ကြိုတင်အသိပေးအကြောင်းကြားခြင်း။

(၂၈-၃-၂၀၂၅) ရက်နေ့တွင် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျင်းပလျက်ရှိသည့် စာမေးပွဲများအား ရပ်ဆိုင်းခဲ့ရပြီး ဖြေဆိုရန် ကျန်ရှိသည့် ဘာသာရပ်များအား ပြန်လည်ဖြေဆိုရန်အတွက် (၂-၆-၂၀၂၅) ရက်နေ့မှ စ၍ ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားပါသည်။

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုရန် NS (30)Bots, DNS (40)Bots, DW (30)Bots ငလျင်အလှူ