3
နည်းပညာတက္ကသိုလ်(ကျောက်ဆည်) Documentary

Documentary ၁။ နိဒါန်း နည်းပညာတက္ကသိုလ်(ကျောက်ဆည်)သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင်တည်ရှိပါသည်။ ကျောက်ဆည်မြို့နယ်သည် မြန်မာနိုင်ငံ၏ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင်တည်ရှိပြီး အရှေ့၊ အနောက်(၅၅)မိုင် တောင်၊ မြောက် (၁၆)မိုင် ရှည်လျားပြီး မြို့နယ်၏ဧရိယာစတုရန်းမိုင်ပေါင်း (၇၂၅.၂၈၀) ရှိပါသည်။ နယ်နိမိတ်အနေဖြင့် အရှေ့ဘက်မှာ ရွာငံမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ တောင်ဘက်မှာ မြစ်သားမြို့နယ်၊ အနောက်ဘက်မှာ တံတားဦးမြို့နယ်၊ မြောက်ဘက်မှာ စဉ့်ကိုင်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပြီး လူဦးရေအနေဖြင့် (၂)သိန်း (၅)သောင်းကျော် နေထိုင်လျက်ရှိပါသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် (၂၇၁)ပေရှိပြီး အမြင့်ပေ (၉၇၃)ပေ အမြင့်ရှိသည့် ရွှေသာလျောင်းတောင်နှင့် ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်များရှိပြီး မြစ်များသည် အရှေ့တောင်မှ အနောက်မြောက်သို့ စီးဆင်းလျက်ရှိပါသည်။ ဆန်စပါးကို အဓိကထားစိုက်ပျိုးပြီး ပဲ၊ ပြောင်း၊ […]

Cover
University Research Journal of Engineering, Science and Education, (URJESE), Volume 7 Oct,2026”

တက္ကသိုလ် သုတေသနဂျာနယ် (URJESE) Volume 7 ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ နည်းပညာတက္ကသိုလ်(ကျောက်ဆည်) မှ ထုတ်ဝေသော University Research Journal of Engineering, Science and Education (URJESE) Volume 7 ကို ထုတ်ဝေပြီးဖြစ်ပါသဖြင့် Website မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပြီဖြစ်ပါသည်။ အဆိုပါဂျာနယ်တွင် အင်ဂျင်နီယာဘာသာရပ်၊ သိပ္ပံဘာသာရပ်နှင့် ပညာရေးဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ပညာရပ်ဆိုင်ရာ ဆောင်းပါးများနှင့် သုတေသနရလဒ်များကို စုစည်းဖော်ပြထားပါသည်။ ဤဂျာနယ်သည် သုတေသနပညာရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သုတေသနလုပ်ငန်းများကို စိတ်ဝင်စားသူများအတွက် အသိပညာနှင့် သုတေသနအတွေ့အကြုံများ မျှဝေဖလှယ်နိုင်ရန် ရည်ရွယ်ထုတ်ဝေခြင်း ဖြစ်ပါသည်။ ဂျာနယ်အချက်အလက် https://drive.google.com/file/d/1aj51y57zeqf_HP7u_w9ZFvnZelYrLljU/view ဂျာနယ်အား Download ရယူရန် URJESE […]

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)🎓 ၂၀၂၅–၂၀၂၆ ပညာသင်နှစ်🌸 အာစရိယပူဇော်ပွဲအခမ်းအနား 🌸

“ဆရာ” ဆိုသည်မှာ ပညာကိုသာမကဘဝလမ်းကိုပါ အလင်းပေးသူများ ဖြစ်ပါသည်။ 🙏❤️ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) တွင်ကျင်းပပြုလုပ်ခဲ့သော အာစရိယပူဇော်ပွဲအခမ်းအနား မှအမှတ်တရပုံရိပ်များကို ဂုဏ်ယူစွာ မှတ်တမ်းတင်မျှဝေလိုက်ပါတယ်။ 🌸🎓 ဆရာ၊ ဆရာမများ၏မေတ္တာ၊ စေတနာနှင့် လမ်းညွှန်မှုများအတွက်အမြဲတမ်း ကျေးဇူးတင်လေးစားလျက်ပါ။ 🙏💙 “ဆရာ့ကျေးဇူး အမြဲမမေ့” 🌷