၂၀၁၉-၂၀၂၀ပညာသင်နှစ်၊ နောက်ဆုံးနှစ်သင်တန်းမှ အကြောင်းအမျိုးမျိုးကြောင့် ကင်းကွာခဲ့သည့် ကျောင်းသားများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ခြွင်းချက်အနေဖြင့် ပြင်ပဖြေကျောင်းသား အဖြစ် (၁)ကြိမ်သာ လက်ခံဆောင်ရွက်မည်ဖြစ်ပါသောကြောင့် ကျောင်းသားရေးရာဌာန(၀၉-၈၈၁၁၆၁၃၁၀)နှင့် အမြန်ဆုံး ဆက်သွယ်၍ ကျောင်းအပ်ကြပါရန်။
ထမနဲပွဲ

တပို့တွဲလ ချမ်းလှသည် ၊ နှင်းစက်နှင်းမှုန်စီ ၊ ပေါက်ပန်းနီနီ ကြွေကာဝဲ ၊ ထိုးကြ ထမနဲ ကောက်ညှင်း၊ ပဲဆီ ရောလို့မွှေ ၊ ဆားနည်းနည်းကူလေ၊ နှမ်း၊မြေပဲ၊ ဂျင်း ရောကာထည့် ၊ အုန်းသီးစိတ်ကြော်နဲ့၊ ချင့်ချိန်ပါကွဲ့ ရေကိုသာ၊ အနပ်ညီဖို့ရာ ၊ ဝိုင်းဝန်းလို့သာ အားကုန်နွှဲ ၊ ချွေးတွေ စိုလို့ရွှဲ၊ ရိုးရာပွဲမို့ တူတူပျော် ၊ ပေါင်းသင်းစုံလို့နော်၊ လာပါဖိတ်ခေါ်ပူပူနွေး ၊ စားလိုက်ကြစို့လေး။