3
နည်းပညာတက္ကသိုလ်(ကျောက်ဆည်) Documentary

Documentary ၁။ နိဒါန်း နည်းပညာတက္ကသိုလ်(ကျောက်ဆည်)သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင်တည်ရှိပါသည်။ ကျောက်ဆည်မြို့နယ်သည် မြန်မာနိုင်ငံ၏ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင်တည်ရှိပြီး အရှေ့၊ အနောက်(၅၅)မိုင် တောင်၊ မြောက် (၁၆)မိုင် ရှည်လျားပြီး မြို့နယ်၏ဧရိယာစတုရန်းမိုင်ပေါင်း (၇၂၅.၂၈၀) ရှိပါသည်။ နယ်နိမိတ်အနေဖြင့် အရှေ့ဘက်မှာ ရွာငံမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ တောင်ဘက်မှာ မြစ်သားမြို့နယ်၊ အနောက်ဘက်မှာ တံတားဦးမြို့နယ်၊ မြောက်ဘက်မှာ စဉ့်ကိုင်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပြီး လူဦးရေအနေဖြင့် (၂)သိန်း (၅)သောင်းကျော် နေထိုင်လျက်ရှိပါသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် (၂၇၁)ပေရှိပြီး အမြင့်ပေ (၉၇၃)ပေ အမြင့်ရှိသည့် ရွှေသာလျောင်းတောင်နှင့် ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်များရှိပြီး မြစ်များသည် အရှေ့တောင်မှ အနောက်မြောက်သို့ စီးဆင်းလျက်ရှိပါသည်။ ဆန်စပါးကို အဓိကထားစိုက်ပျိုးပြီး ပဲ၊ ပြောင်း၊ […]

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြို(ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုခြင်း

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြို(ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆို | Information and Public Relations Department

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြို(ပထမနှစ်)သင်တန်းတက်ရောက်မည့် မောင်မယ်သစ်လွင်များအား နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၊ ပညာရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များမှ လှိုက်လှဲနွေးထွေးစွာကြိုဆိုခြင်း

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဘွဲ့ကြို(ပထမနှစ်) တက်ရောက်လာသည့် မောင်မယ်သစ်လွင် ကျောင်းသား၊ကျောင်းသူများအား ပါမောက္ခချုပ်(တာဝန်)၊ ဒုတိယပါမောက္ခချုပ်နှင့် ပညာရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များမှ ဦးဆောင်ပြီး လှိုက်လှဲနွေးထွေးစွာဖြင့် (၂၄.၁၁.၂၀၂၅)ရက်နေ့ နံနက်(၈း၃၀)နာရီတွင် D1,D2 စာသင်ခန်းများတွင် ကျောင်းသား(၂၂၅)ဦးနှင့် ကျောင်းသူ(၁၅၈)ဦး စုစုပေါင်း (၃၈၃)ဦးတို့ကို ကြိုဆိုခဲ့ကြပါသည်။           အဆိုပါ ကြိုဆိုပွဲတွင် တက္ကသိုလ်ပညာရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင် တစ်ဦးချင်းစီမှ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုမိတ်ဆက်ခဲ့ကြပြီး အောက်ဖော်ပြပါ မေဂျာ(၉)ခုနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနမှူးများမှ ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကို စတင်ဖွင့် လှစ်ခဲ့ကြပါသည်။ မေဂျာ(၉)ခု ၁။ မြို့ပြအင်ဂျင်နီယာဌာန ၂။ အီလက်ထရောနစ်အင်ဂျင်နီယာဌာန ၃။ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန ၄။ စက်မှုအင်ဂျင်နီယာဌာန ၅။ ကွန်ပျူတာအင်ဂျင်နီယာနှင့်သတင်းအချက်အလက်နည်းပညာဌာန ၆။ မက္ကာထရောနစ်အင်ဂျင်နီယာဌာန ၇။ သတ္တုဗေဒအင်ဂျင်နီယာနှင့်ဒြပ်ပစ္စည်းသိပ္ပံဌာန ၈။ […]