နည်းပညာတက္ကသိုလ်(ကျောက်ဆည်) Documentary

Documentary

၁။ နိဒါန်း

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင်တည်ရှိပါသည်။

ကျောက်ဆည်မြို့နယ်သည် မြန်မာနိုင်ငံ၏ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင်တည်ရှိပြီး အရှေ့၊ အနောက်(၅၅)မိုင် တောင်၊ မြောက် (၁၆)မိုင် ရှည်လျားပြီး မြို့နယ်၏ဧရိယာစတုရန်းမိုင်ပေါင်း (၇၂၅.၂၈၀) ရှိပါသည်။ နယ်နိမိတ်အနေဖြင့် အရှေ့ဘက်မှာ ရွာငံမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ တောင်ဘက်မှာ မြစ်သားမြို့နယ်၊ အနောက်ဘက်မှာ တံတားဦးမြို့နယ်၊ မြောက်ဘက်မှာ စဉ့်ကိုင်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပြီး လူဦးရေအနေဖြင့် (၂)သိန်း (၅)သောင်းကျော် နေထိုင်လျက်ရှိပါသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် (၂၇၁)ပေရှိပြီး အမြင့်ပေ (၉၇၃)ပေ အမြင့်ရှိသည့် ရွှေသာလျောင်းတောင်နှင့် ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်များရှိပြီး မြစ်များသည် အရှေ့တောင်မှ အနောက်မြောက်သို့ စီးဆင်းလျက်ရှိပါသည်။ ဆန်စပါးကို အဓိကထားစိုက်ပျိုးပြီး ပဲ၊ ပြောင်း၊ ချည်မျှင်ရှည်ဝါ၊ ငရုပ်၊ ကြက်သွန် စသည့်သီးနှံမျိုးစုံနှင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများလည်း စိုက်ပျိုးလျက်ရှိပါသည်။

ကျောက်ဆည်မြို့နယ်၏ ယဉ်ကျေးမှုအမွေအနှစ်နှင့် ရိုးရာဓလေ့များကတော့ ဘုရားများတည်ထား ကိုးကွယ်ခြင်း၊ သာသနိကအဆောက်အဦးများ ပြန်လည်မွမ်းမံတည်ဆောက်ခြင်း၊ အနော်ရထာမင်းတရားကြီး ၏ ကျေးဇူးတော်ကို အသိအမှတ်ပြုသည့်အနေဖြင့် သာသနာပြုဆင်ဖြူတော်ကို အမှတ်တရရှိစေရန် နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တိုင်း ရွှေသာလျောင်းတောင်ထိပ်ဆုတောင်းပြည့်ဘုရားတွင် ဆင်ဖြူတော်၊ ရွှေဆင်၊ ငွေဆင်၊ ဘော်ကြယ်ဆင်စသည့် ဆင်အရုပ်များဖြင့် ဆင်လှူပွဲကျင်းပကြပြီး ဘုရားစေတီပုထိုးများတွင် ဆွမ်းကွမ်း များဆပ်ကပ်လှူဒါန်းလေ့ရှိပါသည်။ ဆင့်အကအလှပြိုင်ပွဲကို နှစ်စဉ်သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့တွင် ရိုးရာဆင်၊ ကလေးဆင်၊ ဘော်ကြယ်ဆင်၊ တီထွင်ဆန်းသစ်မှု သဘာဝဆင်များဖြင့် ပျော်ရွှင်စွာဆင်နွှဲခဲ့သည့် ဓလေ့တစ်ရပ်ပေါ်ထွန်းလျက်ရှိသည့်အတွက် မြန်မာကသာမက ကမ္ဘာကပါ လာရောက်လေ့လာကြသည့်အတွက် ကျောက်ဆည်မြို့ကို ဆင်မြို့တော်လို့ ခေါ်တွင်စေပြီး လူအများသိတဲ့ မြို့လေးတစ်မြို့ဖြစ်ပါသည်။

ကျောက်ဆည်မြို့ရဲ့ နိုင်ငံ့စီးပွားရေးအတွက်ထုတ်လုပ်ပေးနေသည့် အကြီးစားလုပ်ငန်းစီမံကိန်း ကတော့ စက်မှုဇုံနယ်မြေရှိ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံအပြင် ရဲစုရပ်ကွက်ရှိ မြဘုရင် နို့ချက်စက်ရုံလည်းရှိပါသည်။ ဒေသတစ်ခုထွက်ကုန်တစ်ခုအနေဖြင့် ဟန်မြင့်မိုရ်ကျေးရွာမှာလည်း သရက်သီး ကိုအခြခံပြီး သရက်ယို၊ သရက်ဖျော်ရည်၊ သရက်ဝိုင်၊ သရက်တော်ဖီ၊ သရက်ဂျယ်လီ စသည့်တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်လျက် ရှိပါသည်။

၂။ တက္ကသိုလ်စတင်ဖွင့်လှစ်သည့်အခြေအနေ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ရည်ရွယ်ချက်တစ်ခုဖြစ်သည့် သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်းနယ်ပယ်တွေမှာ လိုအပ်သည့် ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် ပေါ်ထွန်းလာရေးအတွက် ပြုစုပျိုးထောင်လေ့ကျင့်မွေးထုတ်ပေးရန်ဆိုသည့် တာဝန်တစ်ရပ်ကို ဆောင်ရွက် ပေးနိုင်ရန် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)ကို စတင်ဖွင့်လှစ်ခဲ့ပါသည်။

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ အေးမြကြည်လင်ရပ်ကွက်တွင်တည်ရှိပြီး၊ အကျယ်အဝန်း (၉၁.၃၃)ဧကရှိသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်တစ်ခုဖြစ်ပါသည်။

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)ကို ၁၉၉၈ ခုနှစ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(GTI) အဖြစ် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၁ ခုနှစ်တွင် နည်းပညာတက္ကသိုလ်ကောလိပ် (GTC)အဖြစ် အဆင့်မြှင့်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)အဖြစ် ဖွင့်လှစ်ခဲ့ပါသည်။

တက္ကသိုလ်၏ မျှော်မှန်းချက်

            သက်ဆိုင်ရာအင်ဂျင်နီယာနယ်ပယ်နှင့် ဆက်စပ်သော လုပ်ငန်းခွင်များတွင် အံဝင်ခွင်ကျ ချိတ်ဆက် ဆောင်ရွက်နိုင်ပြီး ကျွမ်းကျင်တတ်မြောက်သော၊ ကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာပြီး တီထွင်ဖန်တီးတတ် သော အင်ဂျင်နီယာများ မွေးထုတ်ပေးနိုင်သည့် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုဖြစ်လာစေရန်

တက္ကသိုလ်၏ ရည်မှန်းချက်များ

၁။        သိပ္ပံနှင့်အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အခြေခံများကို ပိုင်နိုင်၍ ဆိုင်ရာအထူးပြုဘာသာရပ်များကို သိရှိနားလည်အသုံးချနိုင်စေရေးအတွက် သင်ကြားလေ့ကျင့်မှုနှင့်အတူ ခေါင်းဆောင်မှုနှင့် ပူးပေါင်း ဆောင်ရွက်တတ်မှု၊ ကျင့်ဝတ်ဆိုင်ရာ စောင့်ထိန်းလိုက်နာမှုတို့ကို လေ့ကျင့်သင်ကြား‌ပေးရန်

၂။         သိပ္ပံနှင့်အင်ဂျင်နီယာနယ်ပယ်နှင့်ဆိုင်သော ဌာနတစ်ခုချင်းအလိုက်သော်လည်းကောင်း၊ ဌာနများ၊ တက္ကသိုလ်များ၊ သုတေသနဌာနများ၊ စက်မှုလုပ်ငန်းများ၊ သင်တန်းဌာနများပူးပေါင်း၍ သော်လည်းကောင်း လူမှုအကျိုးပြုသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းကို အားပေးမြှင့်တင်ရန်

၃။        တက္ကသိုလ်အတွင်းရှိ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၏ သင်ကြားသင်ယူမှုနှင့် တိုးတက် ဖွံ့ဖြိုးမှုတိုးအတွက် လိုအပ်ချက်များကို ဖော်ထုတ်၍ ဖြည့်ဆည်းပေးရန်

၄။        အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် သက်ဆိုင်ရာသိပ္ပံနှင့်အင်ဂျင်နီယာဘာသာရပ်များနှင့် ဆက်နွယ်မှုရှိသော ဌာနများ၊ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးရန်

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၏ ပညာရေးဝန်ဆောင်မှုကို စီမံခန့်ခွဲရာတွင် ၂၀၁၅ ခုနှစ်မှ စတင်ကာ နိုင်ငံတကာစီမံခန့်ခွဲမှုများ စံချိန်စံညွှန်း ISO 9001 ကို လက်ခံကျင့်သုံးခဲ့ပြီး အသိအမှတ်ပြုလက်မှတ် များ ရရှိခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ သုတနည်းပညာနှင့် သတ္တုဗေဒအင်ဂျင်နီယာနှင့်ဒြပ်ပစ္စည်းသိပ္ပံအင်ဂျင်နီယာ ဘာသာရပ်များသည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာပညာရေး စိစစ်အကဲဖြတ်မှုကော်မတီ များ၏ ပဏာမ အသိအမှတ်ပြုမှုကို ရရှိခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် အာဆီယံတက္ကသိုလ်များကွန်ယက်၏ အရည်အသွေးအာမခံမှုအဖွဲ့အစည်း (AUN-QA) တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခွင့် ရရှိခဲ့ပါသည်။ လက်ရှိတွင် (AUN-QA) Community Project (၂၀၂၃-၂၀၂၇) ကို နည်းပညာတ္ကသိုလ်(ကျောက်ဆည်)အနေဖြင့် ပါဝင် ဆောင်ရွက်လျက်ရှိပါသည်။

ပထမဆုံးအကြိမ် သုတေသနကို ၂၀၁၈ ခုနှစ်၊ ဩဂုတ်လတွင် ကျင်းပနိုင်ခဲ့ပြီး ပထမဆုံးသုတေသန ဂျာနယ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ဝေနိုင်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်အထိ သုတေသနဂျာနယ် စုစုပေါင်း (၆)ကြိမ် ထုတ်ဝေထားပြီးဖြစ်ပါသည်။ ဆက်လက်၍ ၂၀၂၅ ခုနှစ်တွင် သုတေသနဂျာနယ် (၇)ကြိမ်မြောက် ထုတ်ဝေမည် ဖြစ်ပါသည်။

၁၉၉၈ ခုနှစ် မှ ၂၀၀၀ ခုနှစ်ထိ တက္ကသိုလ်စတင်ဖွင့်လှစ်သင်ကြားခဲ့သည့် ဘာသာရပ်များမှာ Civil, EC, EP, MP, MT ဘာသာရပ်များဖြစ်ပြီး ပေးအပ်ခဲ့သည့်ဘွဲ့များမှာ AGTI Certificate ဖြစ်ပါသည်။ ၂၀၀၂ ခုနှစ် မှ၂၀၀၃ ခုနှစ်ထိ ဖွင့်လှစ်သင်ကြားခဲ့သည့်ဘာသာရပ်များမှာ IT, MC, Metal, Textile, Bio-T, Aqua တို့ဖြစ်ပြီး ပေးအပ်ခဲ့သည့်ဘွဲ့များမှာ နည်းပညာ (B-Tech) ဘွဲ့ဖြစ်ပါသည်။ ၂၀၀၄ ခုနှစ် မှ၂၀၀၅ ခုနှစ်တွင် ထပ်တိုး ဖွင့်လှစ်သင်ကြားခဲ့သည့် ဘာသာရပ်မှာ Architecture ဘာသာရပ်ဖြစ်ပြီး ပေးအပ်ခဲ့သည့်ဘွဲ့မှာ နည်းပညာဗိသုကာ (B-Arch)ဘွဲ့ ဖြစ်ပါသည်။ ၂၀၀၆ ခုနှစ် မှ၂၀၀၇ ခုနှစ်တွင် ထပ်တိုးဖွင့်လှစ်သင်ကြားခဲ့သည့် ဘာသာရပ်များမှာ Chemical, Mining ဘာသာရပ်တို့ဖြစ်ပြီး ပေးအပ်ခဲ့သည့်ဘွဲ့မှာ နည်းပညာ (B-Tech) ဘွဲ့ ဖြစ်ပါသည်။ ၂၀၀၇ ခုနှစ် မှ ၂၀၀၈ ခုနှစ်တွင် ထပ်တိုးဖွင့်လှစ်သင်ကြားခဲ့သည့် ဘာသာရပ်မှာ NT ဘာသာရပ် ဖြစ်ပြီး ပေးအပ်ခဲ့သည့်ဘွဲ့မှာ အင်ဂျင်နီယာ (BE) ဘွဲ့ ဖြစ်ပါသည်။

၃။ အဆင့်မြှင့်တင်ဆောင်ရွက်မှုနှင့် တိုးတက်မှုအခြေအနေများ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဝန်ကြီးရုံး၏ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့ ရက်စွဲပါ စာအမှတ်(၅၉၁)အရ နည်းပညာတက္ကသိုလ်(ကျောက်ဆည်) အဆင့်သို့တိုးမြှင့်၍ ဖွင့်လှစ်ခဲ့ပါသည်။ ဘွဲ့ကြို၊ ဘွဲ့လွန်၊ ဒီပလိုမာသင်တန်းများအနေဖြင့် တိုးချဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ဘာသာရပ်များမှာ မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ သုတနည်းပညာအင်ဂျင်နီယာ၊ သတ္တုဗေဒအင်ဂျင်နီယာနှင့်ဒြပ်ပစ္စည်းသိပ္ပံအင်ဂျင်နီယာ၊ နျူကလီးယား နည်းပညာအင်ဂျင်နီယာ၊ စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာ၊ ဇီဝနည်းပညာ ဘာသာရပ်များ ဖြစ်ပါသည်။ ဘာသာရပ်အားလုံးမှ လက်ရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းဦးရေ (၁၀၅၀) ဦး ရှိပါသည်။

လက်ရှိအချိန်တွင်ပေးအပ်ချီးမြှင့်သည့်ဘွဲ့များ

            1          Bachelor/Master of Engineering (Civil Engineering), B.E/M.E (Civil)

            2          Bachelor/Master of Engineering (Electronics), B.E/M.E (EC)        

3          Bachelor/Master of Engineering (Electrical Power Engineering), B.E/M.E(EP)

4          Bachelor/Master of Engineering (Mechanical Engineering), B.E/M.E (Mech)

5          Bachelor/Master of Engineering (Information Technology), B.E/M.E (IT)

6          Bachelor/Master of Engineering (Metallurgy), B.E/M.E (Metal)

7          Bachelor/Master of Engineering (Nuclear Technology), B.E/M.E (NT)

8          Bachelor/Master of Engineering (Mechatronics Engineering), B.E/M.E (MC)

9          Bachelor/Master of Science (Biotechnology), B.S/M.S (Bio-T)

            10.       Postgraduate Diploma (Biotechnology), Pg.Dip (Bio-T)

            ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက် တနင်္ဂနွေနေ့တွင် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၏ (၁၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

            ဆရာ၊ ဆရာမများအတွက် ဝန်ထမ်းအိမ်ရာများနေဖြင့် (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ (၂)လုံး၊ (၆)ခန်းတွဲ(၂)ထပ် ဝန်ထမ်းအိမ်ရာ (၆)လုံး နှင့် (၁)ထပ်ဆောင် ဝန်ထမ်းအိမ်ရာများဖြင့် စီစဉ်ဆောင်ရွက် ပေးထားပါသည်။ (၁၆၀)ဦးဆံ့ ကျောင်းသား အိပ်ဆောင်(၂)ဆောင်နှင့် (၁၆၀)ဦးဆံ့ ကျောင်းသူ အိပ်ဆောင် (၂)ဆောင် စီစဉ်ဆောင်ရွက်ပေးထားပါသည်။         သင်ကြားသင်ယူမှုများ၊ လက်တွေ့ခန်းများ၊ ဘာသာရပ်ဌာန များနှင့် ရုံးခန်းများအသုံးပြုရန် (၃)ထပ်ပင်မဆောင်(၂)ဆောင်နှင့် (၁)ထပ်ဆောင်များဖြင့် စီစဉ်ဆောင်ရွက် ပေးထားပါသည်။

၄။ ပညာရေးနှင့်ဆက်စပ်သော ကဏ္ဍများအတွက် စီစဉ်ဆောင်ရွက်‌ပေးထားမှု

            နည်းပညာတက္ကသိုလ် (ကျောက်ဆည်)၏ ပညာရေး ခံယူချက်

            နည်းပညာတက္ကသိုလ်(​ကျောက်ဆည်)မှ ဘွဲ့ရကျောင်းသားများအား

  • အပြောင်းအလဲများ၊ အခက်အခဲပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်သော
  • ပညာရပ်ကို တန်ဖိုးထားပြီး တီထွင်ဖန်းတီးတတ်သော
  • တတ်မြောက်ထားသော ပညာရပ်များကို လူမှုပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ရေးအတွက် အသုံးချ တတ်သော
  • ကိုယ်တိုင်လေ့လာသင်ယူတတ်ပြီး တည်ကြည်ဖြောင့်မတ်သော၊ အပြုသဘော တွေးတော ဆောင်ရွက်တတ်သော 
  • လုပ်ငန်းခွင်တွင် ထိရောက်ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုဆောင်ရွက်တတ်သော သူများဖြစ်လာ စေရန် မျှော်လင့်ထားပါသည်။

ထိုမျှော်လင့်ချက်များ အောင်မြင်စေရန် နည်းပညာတက္ကသိုလ်(ကျောက်ဆည်) မှ

  • စာသင်ခန်းအတွင်း စာတွေ့၊ လက်တွေ့များကို သင်ကြားနည်းအမျိုးမျိုးဖြင့် လေ့ကျင့်သင်ကြား ပေးရုံမျှမက၊ လုပ်ငန်းခွင်မှ ပညာရှင်များ၊ လုပ်ငန်းရှင်များကိုဖိတ်ကြား၍ သင်ကြား ပို့ချစေခြင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့် ချိတ်ဆက်၍ လေ့ကျင့်သင်ကြားပေးခြင်း
  • ကိုယ်တိုင်လေ့လာသင်ယူနိုင်စွမ်းကိုအားပေးခြင်းနှင့် သင်ယူနိုင်ရန် အခွင့်အလမ်းများဖန်းတီးပေးခြင်း
  • တက္ကသိုလ်အတွင်းနေထိုင်ခွင့်ပေးခြင်းနှင့် အကျိုးပြုလှုပ်ရှားမှုများတွင် ပြုလုပ်ခွင့်ပေးခြင်းဖြင့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ခွင့်ပေးခြင်း
  • ရင်းနှီးချစ်ခင်သော အသိုင်းအဝိုင်းကိုတည်ဆောက်ခြင်းဖြင့် ကျောင်းသားများ၏ သင်ယူမှုလိုအပ်ချက် များကို ဖော်ထုတ်ပြီး အားပေးသင်ယူစေခြင်းတို့ကို အကောင်အထည်ဖော်လျက်ရှိပါသည်။

(၃)ထပ်ပင်မဆောင်(၁)တွင် ကျောင်းသား၊ ကျောင်းသူများ ဆရာ၊ဆရာမများအတွက် စာကြည့်တိုက် နှင့် E-Library တို့ကို ဖွင့်လှစ်ပေးထားပါသည်။

            အားကစားခန်းမ၊ ဘက်စကတ်ဘောကွင်း၊ ဘောလုံးကွင်း၊ ဘောလီဘောကွင်း၊ ပိုက်ကျော်ခြင်းကွင်း၊ Table Tennis အခန်းစသဖြင့် အားကစားကဏ္ဍများအလိုက် ပြင်ဆင်‌ဆောင်ရွက်ပေးထားပါသည်။ ထို့အပြင် ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန် လေ့ကျင့်ခန်းအမျိုးအစား(၄)မျိုးပါ အားကစားပစ္စည်းများကိုလည်း တက္ကသိုလ်အတွင်းတွင် နေရာ (၄)ခုခွဲ၍ တပ်ဆင်ပေးထားပါသည်။ ကျောင်းသား၊ ကျောင်းသူ အဆောင်များတွင်လည်း Gym ခန်းများထားရှိ ပေးထားပါသည်။ ပညာသင်နှစ်အလိုက် မိုးရာသီ၊ ဆောင်းရာသီ ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲ များကိုလည်း ကျင်းပပေးလျက်ရှိပါသည်။

            နည်းပညာတက္ကသိုလ်(ကျောက်ဆည်)ရှိ အောင်ဆန်းခန်းမတွင် လူငယ်စကားဝိုင်းအခမ်းအနားများ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲများ၊ ပညာရည်ချွန်ဆုပေးပွဲများ၊ ဘာသာရပ်မိတ်ဆက်ပွဲများ၊ Stakeholder Meeting များ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲများ၊ အလုပ် အကိုင်အခွင့်အလမ်းနှင့်ပတ်သက်သည့် ဟောပြောပွဲများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပွဲများ၊ လစဉ်ဝန်ထမ်းဆုံညီအစည်းအဝေးများ၊ အသိပညာပေးဟောပြောပွဲများ၊ Seminar နှင့် Workshop ဆောင်ရွက်ခြင်းများ၊ လျှပ်စစ်ယာဉ် (EV) မီးငြိမ်းသတ်ရေးဆင့်ပွားအသိပညာပေး ဟောပြောပွဲများ၊ ဘွဲ့နှင်း သဘင်ပွဲများကျင်းပခြင်း၊ ကထိန်ပွဲများ၊ အလှူတော်မင်္ဂလာပွဲများ၊ New Year Dinner  နှစ်ပတ်လည်ပွဲများ၊ လွတ်လပ်ရေးနေ့အကြိုဂုဏ်ပြုပွဲများ၊ ပြည်ထောင်စုနေ့အကြိုပြိုင်ပွဲများနှင့် ဆုပေးပွဲများ စသည်တို့ကို အောင်ဆန်းခန်းမတွင်ကျင်းပပြုလုပ်ပါသည်။ ထို့ပြင်ရာသီအလိုက်ပွဲတော်များ၊ မိုးရာသီသစ်ပင်စိုက်ပွဲများ လည်းကျင်းပပြုလုပ်ပါသည်။

            ဝန်ထမ်းများနှင့် ‌ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံဆေးပေးခန်းနှင့် တက္ကသိုလ်စာတိုက် တို့ကိုလည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ ဆောင်ရွက်ထားရှိပါသည်။

            ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အပန်းဖြေရန်၊ အနားယူရန် ပန်းခြံနှင့် သစ်ပင်စိုက်ကွင်း တို့ကိုလည်းထားရှိပြီး ကျောင်းသား၊ ကျောင်းသူများလွတ်လပ်စွာ စာကြည့်နိုင်ရန်အတွက် စားပွဲ၊ ထိုင်ခုံများကိုလည်း ပန်းခြံအတွင်း ထားရှိပေးထားပါသည်။ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ နေ့စဉ်ဖတ်ရှုရန်အတွက် ကြေးမုံ၊ မြန်မာ့အလင်း၊ The Global Newlight of Myanmar၊ ရတနာပုံသတင်းစာ တို့ကို လည်းထားရှိ ပါသည်။

            တက္ကသိုလ်နှင့် ပတ်သက်သည့် အကြောင်းအရာများ နေ့စဉ်ဆောင်ရွက်မှုများ၊ သတင်းအချက်အလက် များအား တက္ကသိုလ် Website ဖြစ်သည့် www.kyauksetu.edu.mm တွင် နေ့စဉ်(သို့မဟုတ်) အပတ်စဉ် တင်ပြပေးလျက်ရှိပါသည်။

            နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် Internet Line ကို ပင်မဆောင် (၁)နှင့်(၂)အတွင်းရှိ စာသင်ခန်းများအားလုံး၊ ဆရာ/ဆရာမအဆောင်များ၊ ကျောင်းသား/ကျောင်းသူအဆောင်များသို့  Lan Network, Wireless Network, Fiber Line များဖြင့် Internet (500 Mbps)ချိတ်ဆက်ထားပါသည်။ ထို့ပြင် (၂၄)နာရီ လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရန် မြို့နယ် EPC နှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိခြင်း၊ မီးစက်ကြီး 100KV ပြင်ဆင်ထားခြင်းနှင့် ပင်မဆောင် (၁)တွင် Solar 20KW တို့ကိုလည်းဆောင်ရွက်ထားပါသည်။

            ဝန်ထမ်းများသက်သာချောင်ချိရေးအနေဖြင့် မြို့နယ်၊ ခရိုင်ဌာနဆိုင်ရာများ၊ စတိုးဆိုင်များနှင့် ချိတ်ဆက်၍ အိမ်သုံးပစ္စည်းများဝယ်ယူနိုင်ရေးအတွက် စီစဉ်ပေးခြင်း၊ အသား၊ ငါးရောင်းချပေးခြင်း၊ စားအုန်းဆီ ရောင်းချပေးခြင်း၊ ကြက်ဥ၊ ဘဲဥရောင်းချပေးခြင်းတို့ကို လစဉ်ဆောင်ရွက်ပေး လျက်ရှိပါသည်။ ထို့ပြင် အစားအသောက်များ၊ လူသုံးကုန်ပစ္စည်းများ၊ ကုန်စုံပစ္စည်းများ၊ ဆေးဝါးများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရန်အတွက် တက္ကသိုလ်စားသောက်ဆိုင်ခန်းများ(Canteen)ကိုလည်း နေ့စဉ်ဖွင့်လှစ်ပေးထား ပါသည်။

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၏ ပင်မဆောင်(၁)တွင် ဧရာဝတီဘဏ်နှင့် အခြားဘဏ်များမှ ငွေထုတ်ယူနိုင်သော ATM စက်ရှိပြီး၊ ငွေလွှဲထုတ်ယူခြင်း၊ ဘဏ်စာရင်းမှ လက်ကျန်ငွေစစ်ဆေးခြင်း၊ ထုတ်ယူခြင်းတို့ကိုပြုလုပ်နိုင်ပါသည်။ မြို့ထဲတွင် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာရှေ့ဆောင်ဘဏ်၊ ကမ္ဘောဇ ဘဏ်၊ ဧရာဝတီဘဏ်၊ မြဝတီဘဏ်နှင့် သမဝါယမဘဏ် (CB Bank)တို့ရှိပြီး အချိန်တိုအတွင်း သွားရောက် ထုတ်ယူနိုင်ပါသည်။ ကျောင်းလခပေးချေခြင်းကို Online အသုံးပြု၍ အချိန်တိုအတွင်းလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်အောင်စီစဉ်ထားပါသည်။

ဝန်ထမ်းများ၊ ကျောင်းသား/သူများအတွက် ကျန်းမာရေးနှင့် သယ်ယူပို့‌ဆောင်ရေးကိစ္စများ အသုံးပြု နိုင်ရန် (၄၅)ယောက်စီး Fuso ကား (၁)စီး၊ (၉)ယောက်စီး Microbus (၁)စီးနှင့် Truck Canter ကား(၁)စီးတို့ကို စီစဉ်ဆောင်ရွက်ပေးထားပါသည်။

ကျောင်းသားအသင်းအဖွဲ့များဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲခြင်းတို့ကို တက္ကသိုလ်မှ အားပေးကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ပရဟိတအသင်း များ၊ နေ့စဉ်ဆွမ်းလောင်းအသင်း၊ စာပေနှင့်အနုပညာအသင်း၊ ကြက်ခြေနီအသင်း၊ ခြေလျင်နှင့်တောင်တက် အသင်း၊ Environmental Club၊ အားကစားကော်မတီများဖွဲ့စည်းထားလျက်ရှိပါသည်။

International Relations Department (IRD)/ Human Resource Development (HRD) ဌာနများ ဖွင့်လှစ်ထားရှိပြီး ပြည်တွင်းပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ၊ ပညာတော်သင် ကိစ္စများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ သင်တန်းဖွင့်လှစ်မှုများနှင့် အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေး လျက်ရှိပါသည်။

၅။ နိဂုံး

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)အနေဖြင့် ပြည်ပတက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် သင်ကြားရေးဆိုင်ရာ၊ သုတေသနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုများရှိပါသည်။ အထူးသဖြင့် Passage to ASEAN (P2A) အဖွဲ့တွင်ပါဝင်ဆောင်ရွက်လျက်ရှိပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ MEPhI တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တို့အကြား (၆-၁၀-၂၀၂၃)ရက်နေ့တွင် MOU ရေးထိုးခဲ့ပါသည်။ လက်ရှိတွင် (၁၇-၂-၂၀၂၅) ရက်နေ့မှ (၂၁-၂-၂၀၂၅) ရက်နေ့အထိ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (Joint Education Program – JEP)ကို နည်းပညာတက္ကသိုလ် (ကျောက်ဆည်) တွင် National Research Nuclear University (MEPhI) တက္ကသိုလ်မှ ပါမောက္ခ(၃)ဦး Dr.Alexander Nakhabov, Dr.Alexander Plyaskin, Dr.Tatiana Melnikova  လာရောက် ဆောင်ရွက်လျက်ရှိပါသည်။

တက္ကသိုလ်စတင်ဖွင့်လှစ်ချိန်မှစ၍ ယခုအချိန်ထိ‌ မွေးထုတ်နိုင်ခဲ့သော  ဘွဲ့ရပညာတက်ဦးရေမှာ M.E (၁၅၂)ဦး၊ B.Arch (၂၀)ဦး၊ B.E (၅၈၉၀)ဦး၊ B.Tech (၆၇၇၄)ဦး၊ M.S (၃၃)ဦး၊ Pg.Dip (၂၂)ဦး၊ B.S (၃၃၃)ဦး၊ AGTI (၇၈၈၅)ဦး တို့ဖြစ်ပြီး စုစုပေါင်း (၂၁၁၃၄)ဦးတို့ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များအနက် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)သည် ဘွဲ့ကြို၊ ဘွဲ့လွန်၊ ဒီပလိုမာ သင်တန်းများအား ဘာသာရပ်(၉)ခုဖြင့် ထူးခြားစွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော တက္ကသိုလ်တစ်ခုဖြစ်ပါသည်။ ISO 9001:2015 လက်မှတ်ရ ဖြစ်သည့်အပြင် Provisionally Accreditation Program လက်မှတ်ရဖြစ်ပါသည်။ ဆက်လက်၍လည်း ASEAN University Network AUN-QA Community Project 2023-2027 တွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ (MEngC) နှင့် အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအကဲဖြတ်ကော်မတီ (NARQAC) တို့နှင့်လည်း ချိတ်ဆက်၍ တက္ကသိုလ်၏ ပညာရေးစနစ် အရည်အသွေးပြည့်မီရန် ဆောင်ရွက်လျက်ရှိပါသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ ဆရာမ(၂)ဦးသည် မန္တလေး တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသုတေသနစာတမ်းဆု (ဒုတိယဆု)နှင့်(တတိယဆု) များရရှိခဲ့ပါသည်။

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော သုတေသနဖြစ်သည့် “တန်ဘိုးမြင့်ရွှေဘိုပေါ်ဆန်းဆန်၏ စစ်မှန်မှုနှင့် ခြေရာခံနိုင်မှုကို ‌နျူကလီးယား နည်းပညာဖြင့် သရုပ်ခွဲခြင်းသုတေသန” “Food Authenticity and Traceability of High-Value Shwe Bo Paw San Rice Through the Nuclear Analytical Techniques”ခေါင်းစဉ်ဖြင့် ဒေါက်တာစောသန္တာ၊ ပါမောက္ခ၊ နျူကလီးယားဌာနမှ သုတေသနပြုလုပ်ခဲ့ ပါသည်။

            ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Passage to ASEAN (P2A) ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၉)ဦးသည် Gold Prize, Silver Prize, Top 8 Winner, Second Prize, National Contestant ဆုများ ရရှိခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Passage to ASEAN (P2A) ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၄)ဦးသည် Bronze Prize, Top 8 Finalists များရရှိခဲ့ပါသည်။ ထို့ပြင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (Rosatom) တို့ပူးပေါင်း၍ Science Festival ပွဲတွင်ထည့်သွင်းကျင်းပသည့် HackAtom ပြိုင်ပွဲတွင် First Prize Winner, Second Prize Winner, Third Prize Winner ဆုများရရှိခဲ့ပါသည်။

ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ

             နည်းပညာတက္ကသိုလ်(ကျောက်ဆည်) နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ National Research Nuclear University (MEPhI) တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပညာရေးဆိုင်ရာအစီအစဉ် (Joint Education Program-JEP) အား ၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ပညာသင်နှစ် တစ်နှစ်လျှင် (၂) ကြိမ်ပြုလုပ်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလ သို့မဟုတ် သင့်လျော်သောအချိန်တွင် National Research Nuclear University (MEPhI) မှ ပါမောက္ခကိုယ်စားလှယ်များ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)သို့ လာရောက်၍ Lecture များထပ်မံ ပို့ချခြင်း၊ National Research Nuclear University (MEPhI) မှ နျူကလီးယားနည်းပညာဆိုင်ရာ Training၊ Workshop နှင့် Conference             သတင်းအချက်အလက်များကို နည်းပညာတက္ကသိုလ် (ကျောက်ဆည်) သို့ပေးပို့၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဖလှယ်နိုင်ရန်၊ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ပါသည်။

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၏ ပညာရေးနှင့်စီမံခန့်ခွဲရေးကဏ္ဍများကို အင်ဂျင်နီယာ၊ သိပ္ပံ ပညာရပ်များနှင့် နည်းပညာများပေါ်တွင် အခြေခံ၍အင်ဂျင်နီယာ၊ သိပ္ပံပညာရပ်ဆိုင်ရာ ရှုပ်ထွေးနက်နဲသည့် ပြသနာများကိုဖြေရှင်းနိုင်စွမ်းရှိသော၊ တက္ကသိုလ်၏ဆောင်ပုဒ်နှင့်အညီ အသိဉာဏ်မှစွမ်းရည်ပြည့်ဝသော အသိပညာရှင် အတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာရေး ‌ဆောင်ရွက်မှုများကို ကဏ္ဍ များအလိုက် ပြည်ထောင်စုဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုများ၊ ပံ့ပိုးမှုများနှင့်အညီ စည်းလုံးညီညွှတ်စွာ အချိန်နှင့်တပြေးညီ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းတင်ပြအပ်ပါသည်။

Documentary

  1. Introduction

Kyaukse Township is located in the central region of Myanmar, within Mandalay Region. It is 55 miles from east to west and 16 miles from north to south, covering a total area of 725.280 square miles. It shares borders with Ywangan Township and Pyin Oo Lwin Township to the east, Myittha Township to the south, Tada-U Township to the west, and Singu Township to the north. The township’s elevation is 271 feet above sea level, with Shwethalyaung Mountain standing at 973 feet. The Zawgyi, Panlaung, and Samon rivers flow through the area from the southeast to the northwest. Agriculture is the primary economic activity in Kyaukse Township, with rice as the main crop. Other cultivated crops include beans, corn, long-staple cotton, chili peppers, onions, and various oil-producing plants such as peanuts, sesame, and sunflowers.

Kyaukse Township is rich in cultural heritage and traditions. It is known for the construction and worship of pagodas, as well as the renovation and maintenance of religious buildings. In honor of King Anawrahta’s legacy, the annual White Elephant Festival is held at the Shwethalyaung Pagoda on the full moon day of Thadingyut. During the festival, white elephant figurines—made of gold, silver, and fabric—are offered as donations. People also make offerings and donations at pagodas and religious sites. The township is famous for its traditional elephant dance competition, held on the 14th day of the Thadingyut lunar month. Participants showcase their craftsmanship and creativity by designing traditional, baby, star-patterned, and innovative elephant figures. This festival attracts visitors from across Myanmar and around the world, earning Kyaukse the title of “Elephant City.”

Kyaukse Township contributes to the national economy through large-scale industrial projects. Notable establishments include the Kyangin Cement Factory in the industrial zone and the My King Dairy Factory in Yaysu Ward. Additionally, Htan Myint Mo Village specializes in mango-based value-added products such as mango jam, mango juice, mango wine, mango toffee, and mango jelly.

  • Establishment of the University 

The Technological University (Kyaukse) was established to fulfill the responsibility of nurturing, training, and producing skilled human resources continuously in the fields of science, technology, and innovation, which is one of the objectives of the Ministry of Science and Technology. 

Technological University (Kyaukse) is located in Aye Mya Kyaw Lin Ward, Kyaukse Township, Kyaukse District, Mandalay Region, Central Myanmar. It spans an area of 91.33 acres and operates under the Ministry of Science and Technology, specifically under the Department of Advanced Science and Technology. 

The university was initially founded as a Government Technical Institute (GTI) in 1998. In 2001, it was upgraded to Government Technological College (GTC), and in 2007, it was further upgraded and officially established as Technological University (Kyaukse).

University Vision

To become an internationally recognized University by offering high quality contemporary engineering education and research and by producing competent graduates who are effective communicators and abide by the ethical standards of their profession.

University Missions

1.  To train researchers and engineers who combine technical knowledge and skills with mastery of humanities and social science, leadership, team building and high ethical standards.

2.  To practice multi and interdisciplinary education and research that reflect the needs of society by collaborating with engineering institutions, industry and research centers for the teaching/learning and research development

3. To be responsive to the learning and developmental needs of all students and staff applying principles of inclusivity, equality and diversity throughout the institution

4.  To maintain links with engineering institutions and industries to offer the greater job opportunities for our graduates

Since 2015, Technological University (Kyaukse) has implemented the international management standards of ISO 9001 in its educational services and has obtained certification. In 2017, the disciplines of Urban Engineering, Electronic Engineering, Mechanical Engineering, Electrical Power Engineering, Information Technology, Metallurgical Engineering, and Materials Science Engineering received provisional accreditation from the Myanmar Engineering Council and the Engineering Education Accreditation Committee. In 2019, the university became a member of the ASEAN University Network Quality Assurance (AUN-QA). Currently, Technological University (Kyaukse) is actively participating in the AUN-QA Community Project (2023–2027). 

The first research conference was held in August 2018, and the first research journal was published in January 2019. As of 2024, a total of six research journals have been published, with the seventh issue planned for release in 2025. 

From 1998 to 2000, the university initially offered courses in Civil Engineering, Electronic Engineering (EC), Electrical Power Engineering (EP), Mechanical Engineering (MP), and Metallurgical Engineering (MT), awarding AGTI certificates. Between 2002 and 2003, additional courses in Information Technology (IT), Mechatronics (MC), Metallurgy, Textile Engineering, Biotechnology, and Aquaculture were introduced, awarding Bachelor of Technology (B-Tech) degrees. From 2004 to 2005, Architecture was introduced as a new program, leading to a Bachelor of Architecture (B-Arch) degree. Between 2006 and 2007, Chemical Engineering and Mining Engineering were added, with students earning Bachelor of Technology (B-Tech) degrees. In 2007–2008, the Nanotechnology (NT) program was introduced, awarding a Bachelor of Engineering (BE) degree.

3. Upgrades and Development Progress 

In accordance with the directive issued by the Ministry of Science and Technology on January 20, 2007 (Reference No. 91), the institution was upgraded to the status of a Technological University. Since then, undergraduate, postgraduate, and diploma programs have been expanded to include a wide range of engineering disciplines. Currently, the university offers programs in Urban Engineering, Electronics Engineering, Electrical Power Engineering, Mechanical Engineering, Knowledge Engineering, Metallurgical Engineering, Materials Science Engineering, Nuclear Technology Engineering, Industrial Electronics Engineering, and Biotechnology. At present, the total student enrollment across all disciplines stands at 1,050.

Current Degree Programs and Facilities 

At present, the university offers a range of undergraduate and postgraduate degree programs. These include:

1 Bachelor/Master of Engineering (Civil Engineering), B.E/M,E (Civil)

2 Bachelor/Mister of Engineering (Electronics), B.E/M.E (EC)

3 Bachelor/Master of Engineering (Electrical Power Engineering), B.E/M.E(EP)

4 Bachelor/Master of Engineering (Mechanical Engineering), B.E/M.E (Mech)

5 Bachelor/Master of Engineering (Information Technology), B.E/M.E (IT)

6 Bachelor/Master of Engineering (Metallurgy), B.E/M.E (Metal)

7 Bachelor/Master of Engineering (Nuclear Technology), B.E/M.E (NT)

8 Bachelor/Master of Engineering (Mechatronics Engineering), B.E/M.E (MC)

9 Bachelor/Master of Science (Biotechnology), B.S/M.S (Bio-T)

10 Postgraduate Diploma (Biotechnology), Pg.Dip(Bio-T)

On Sunday, January 26, 2025, Technological University (Kyaukse) held its 19th Graduation Ceremony at Aung San Hall. 

For faculty accommodation, the university has provided two four-story staff housing buildings with four units each, six two-story staff housing buildings with six units each, and additional single-story dormitories for staff members. For students, there are two dormitories for male students and two dormitories for female students, each with a capacity of 160 residents. To support academic activities, practical training, departmental offices, and administrative functions, the university has constructed two three-story main buildings and several single-story buildings.

  • Educational and Recreational Facilities

Educational Philosophy of Technological University (Kyaukse) 

The expectations of all the members of Technological University (Kyaukse) family on their students are to

•     be good at solving complex problem

•     value their choice of specialization and be creative

•     apply their specific knowledge and skill for the improvement of society

•     become a self-learner with positive mind and integrity

•     communicate their value and ideas effectively

The University attempts to educate students to achieve those qualities through applying diverse learning activities in class, give lectures and talks by professionals and give training in the related industries. TU (Kse) also provides facilities and opportunity for staff and students to become a self-learner. TU(Kse) also provides university student life as part of the learning environment which includes residential living and students’ activities. TU(Kse) recognizes the value of its warm and friendly community.  This unique character enhance the mutual understanding and encourage students’ motivation in learning.

In the three-story main building (Building 1), a library and an E-Library have been established for students and faculty members. 

For sports and physical activities, facilities such as a gymnasium, basketball court, football field, volleyball court, Pike Kyaw Chin court, and a table tennis room have been provided. Additionally, four designated areas within the university have been equipped with fitness equipment for different types of physical exercises, allowing both staff and students to engage in health and wellness activities. Gym rooms are also available in the student dormitories. Seasonal sports competitions covering various disciplines are held annually, including monsoon and winter tournaments. 

The Aung San Hall at Technological University (Kyaukse) serves as a venue for various events, including youth forums, welcome ceremonies for new students, academic excellence award ceremonies, subject introduction events, stakeholder meetings, traffic and drug awareness sessions, career opportunity talks, student gatherings, monthly staff meetings, educational seminars, workshops, electric vehicle (EV) fire safety awareness programs, graduation ceremonies, religious donation events, New Year dinners, Independence Day celebrations, and Union Day competitions and award ceremonies. Additionally, seasonal festivals and tree-planting activities are organized. 

To support the well-being of staff and students, the university has established a basic medical clinic and a university post office in collaboration with relevant departments. 

For relaxation and recreation, a park and a tree plantation area have been set up, providing a peaceful environment for students and staff. Study tables and benches are also placed within the park, allowing students to read freely. Newspapers, including the Mirror, the News light of Myanmar, The Global, and Yadanabon, are made available daily for students and staff to stay informed.

Technological University (Kyaukse) regularly updates its daily activities and announcements on its official website, www.kyauksetu.edu.mm, on a daily or weekly basis. 

The university provides a 500 Mbps internet connection through LAN, Wireless Network, and Fiber Line in Main Buildings 1 & 2, faculty residences, and student dormitories. To ensure an uninterrupted power supply, the university collaborates with the township EPC, maintains a 100KV generator, and has installed a 20KW solar system in Main Building 1. 

For the convenience of faculty members, the university has coordinated with local stores and markets to facilitate purchases of essential goods, including meat, fish, cooking oil, and eggs on a monthly basis. Additionally, university canteens operate daily, offering affordable food, groceries, and medicines for students and staff. 

For banking services such as withdrawal and balance inquiries, students can conveniently use the automated teller machine (ATM) which is located in lobby of main Building 1. For full services, students can go to the Kanbawza bank, Myanma Economic bank, CB bank, Myanmar Apex bank, Ayeyarwaddy bank, Myawaddy bank in Kyaukse Township.

In terms of transportation, the university provides a 45-seater Fuso bus, a 9-seater microbus, and a Truck Canter for students and staff. 

Student engagement is encouraged through various clubs and committees, including the Charity Organization, Daily Meal Donation Group, Literature & Arts Club, Red Cross Society, Hiking & Mountaineering Club, Environmental Club, and Sports Committees. 

Additionally, the International Relations Department (IRD) and Human Resource Development (HRD) Department focus on local and international job opportunities, scholarships, exchange programs, collaborations with international institutions, training sessions, and educational seminars**, ensuring both academic and professional growth for students and staff.

Conclusion 

The Technological University (Kyaukse) actively collaborates with international institutions in educational programs. Notably, an MOU was signed with the National Research Nuclear University (MEPhI) of Russia on October 6, 2023. As part of this agreement, a Joint Education Program (JEP) is currently being conducted at the university from February 17 to February 21, 2025, with participation from three professors: Dr. Alexander Nakhabov, Dr. Alexander Plyaskin, and Dr. Tatiana Melnikova. 

Since its establishment, the university has produced a total of 21,134 graduates, including 152 Master of Engineering (M.E.) graduates, 20 Bachelor of Architecture (B.Arch.) graduates, 5,890 Bachelor of Engineering (B.E.) graduates, 6,774 Bachelor of Technology (B.Tech.) graduates, 33 Master of Science (M.S.) graduates, 22 Postgraduate Diploma (Pg.Dip.) holders, 333 Bachelor of Science (B.S.) graduates, and 7,885 AGTI certificate holders. 

As one of Myanmar’s leading technological universities, TU Kyaukse offers undergraduate, postgraduate, and diploma programs in nine disciplines. The university holds ISO 9001:2015 certification and has received Provisionally Accredited Program certification. Furthermore, it is actively engaged in the ASEAN University Network (AUN-QA) Community Project. To ensure the highest standards in education, the university collaborates with the Myanmar Engineering Council (MEngC) and the National Accreditation and Quality Assurance Committee (NARQAC) to enhance its academic quality and recognition.

On June 5, 2022, at the Environmental Conservation Day ceremony organized by the Mandalay Region Government, two lecturers from Technological University (Kyaukse) won the Second Prize and Third Prize for environmental conservation research at the regional level. 

Technological University (Kyaukse) is also conducting a collaborative research project with the International Atomic Energy Agency (IAEA) titled “Food Authenticity and Traceability of High-Value Shwe Bo Paw San Rice Through Nuclear Analytical Techniques.” This research was led by Dr. Saw Thandar, Professor of the Nuclear Engineering Department.

In the 2022–2023 academic year, nine students participated in the Passage to ASEAN (P2A) competition, achieving remarkable success by winning Gold Prize, Silver Prize, Top 8 Winner, Second Prize, and National Contestant awards. In the 2023–2024 academic year, four students from Technological University (Kyaukse) received the Bronze Prize and Top 8 Finalist awards in the Passage to ASEAN (P2A) competition. Additionally, at the Science Festival jointly organized by the Ministry of Science and Technology of Myanmar and Rosatom (Russian Federation’s Nuclear Energy Corporation), students from Technological University (Kyaukse) won the First Prize, Second Prize, and Third Prize in the HackAtom competition.

Future Plans 

The Technological University (Kyaukse) and the National Research Nuclear University (MEPhI), Russia, have collaborated on an educational program (Joint Education Program – JEP) from 2024 to 2028. This program will be conducted twice a year, and in September 2025 or another suitable time, professors from MEPhI will visit Technological University (Kyaukse) to deliver lectures. Additionally, MEPhI will provide information on nuclear technology training, workshops, and conferences, allowing faculty members and students to exchange knowledge and strengthen cooperation. 

The Technological University (Kyaukse) is committed to developing engineering and technical education that equips students with problem-solving skills for complex engineering challenges. Following the university’s motto, the institution aims to produce highly skilled professionals and intellectuals who can contribute to the workforce. These efforts are carried out in alignment with the guidance and support of the Union Government and the Regional Government, ensuring continuous development and collaboration in engineering education and research.

Tags

Leave a comment