နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြို(ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုခြင်း

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြို(ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆို | Information and Public Relations Department

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြို(ပထမနှစ်)သင်တန်းတက်ရောက်မည့် မောင်မယ်သစ်လွင်များအား နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၊ ပညာရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များမှ လှိုက်လှဲနွေးထွေးစွာကြိုဆိုခြင်း

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဘွဲ့ကြို(ပထမနှစ်) တက်ရောက်လာသည့် မောင်မယ်သစ်လွင် ကျောင်းသား၊ကျောင်းသူများအား ပါမောက္ခချုပ်(တာဝန်)၊ ဒုတိယပါမောက္ခချုပ်နှင့် ပညာရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များမှ ဦးဆောင်ပြီး လှိုက်လှဲနွေးထွေးစွာဖြင့် (၂၄.၁၁.၂၀၂၅)ရက်နေ့ နံနက်(၈း၃၀)နာရီတွင် D1,D2 စာသင်ခန်းများတွင် ကျောင်းသား(၂၂၅)ဦးနှင့် ကျောင်းသူ(၁၅၈)ဦး စုစုပေါင်း (၃၈၃)ဦးတို့ကို ကြိုဆိုခဲ့ကြပါသည်။           အဆိုပါ ကြိုဆိုပွဲတွင် တက္ကသိုလ်ပညာရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင် တစ်ဦးချင်းစီမှ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုမိတ်ဆက်ခဲ့ကြပြီး အောက်ဖော်ပြပါ မေဂျာ(၉)ခုနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနမှူးများမှ ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကို စတင်ဖွင့် လှစ်ခဲ့ကြပါသည်။ မေဂျာ(၉)ခု ၁။ မြို့ပြအင်ဂျင်နီယာဌာန ၂။ အီလက်ထရောနစ်အင်ဂျင်နီယာဌာန ၃။ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန ၄။ စက်မှုအင်ဂျင်နီယာဌာန ၅။ ကွန်ပျူတာအင်ဂျင်နီယာနှင့်သတင်းအချက်အလက်နည်းပညာဌာန ၆။ မက္ကာထရောနစ်အင်ဂျင်နီယာဌာန ၇။ သတ္တုဗေဒအင်ဂျင်နီယာနှင့်ဒြပ်ပစ္စည်းသိပ္ပံဌာန ၈။ […]

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Nanning မြို့တွင်(၄.၁၁.၂၀၂၅) ရက်နေ့မှ (၇.၁၁.၂၀၂၅) ရက်နေ့အထိ ပြုလုပ်ခဲ့သည့်“The 6th International Conference on Deepening ASEAN Cooperation of Agricultural Science and Technology” သို့တက်ရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ