အစားထိုးစာမေးပွဲ ပြန်လည်ကျင်းပမည့်ရက် အကြောင်းကြားခြင်း
(၂-၆-၂၀၂၅) ရက်နေ့တွင် စာမေးပွဲဖြေဆိုရန် ပျက်ကွက်ခဲ့သော ကျောင်းသား/ကျောင်းသူများ၏ သင်ကြား၊ သင်ယူမှု ဆုံးရှုံးမှုမရှိစေရေးအတွက် အစားထိုးစာမေးပွဲများအား (၂၃-၆-၂၀၂၅) ရက်နေ့တွင် အစားထိုးစာမေးပွဲ ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း နှင့် ကျောင်းသားရေးရာဌာနသို့ အမြန်ဆက်သွယ်နိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
ကျောင်းသား/သူများသိရှိရန်
ကျောင်းသား၊ ကျောင်းသူများသိရှိစေရန် (၁) ကျောင်းသား/သူများ (၂.၆.၂၀၂၅ မှ ၅.၆.၂၀၂၅) ရက်နေ့ထိ ဖြေဆိုရန်ကျန်သည့် ဘာသာရပ်များ အတွက် exam များပြန်လည်ဖြေဆိုရပါမည်။ Result နှင့် Grading များကို စာမေးပွဲဖြေဆိုပြီး (၁) ပတ်အတွင်း ကြေညာမည်ဖြစ်ပါသည်။ (၂) အတန်းအသစ်တက်မည့် ကျောင်းသား/ကျောင်းသူများ၏ ကျောင်းအပ်လက်ခံမည့်ရက်ကို အချိန်နှင့် တပြေးညီ ကြေညာပေးပါမည်။ (၃) (၆.၆.၂၀၂၅) ရက်နေ့မှစ၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက်အား စတင်တက်ရောက် ရပါမည်။ (၄) (၂၈.၅.၂၀၂၅) ရက်နေ့မှစ၍ ကျောင်းတွင်းအဆောင်များသို့ ဝင်ရောက်နိုင်မည်ဖြစ်ပါကြောင်းနှင့် (၃၀.၅.၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ ကျောင်းတွင်းအဆောင်များသို့ ဝင်ရောက်ရန် အသိပေး အကြောင်းကြားအပ်ပါသည်။