မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအနေဖြင့် နည်းပညာတက္ကသိုလ်များမှ အင်ဂျင်နီယာကျောင်းဆင်း (B.E)ဘွဲ့ရများ၏ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် အလုပ်သင်အင်ဂျင်နီယာ (Apprentice Engineer Certificate – AEC) လက်မှတ် ပေးအပ်နိုင်ရန်အတွက် သက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များမှ လျှောက်ထားလိုပါက ဘွဲ့နှင်းသဘင် မကျင်းပမီ (၁၅) ရက်အတွင်း အောင်စာရင်း မိတ္တူများနှင့်အတူ ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်၍ အချိန်မီ ပေးပို့နိုင်ပါရန် ရည်ညွှန်းချက်ပါစာဖြင့် အကြောင်းကြားလာပါသည်။

၂၀၂၀ တက္ကသိုလ်ဝင်တန်းအောင် ပထမနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား/သူများ ကျောင်းသားရေးရာဌာနတွင် ၃၀/၁၁/၂၀၂၂ ရက်နေ့နောက်ဆုံးထား၍ ပညာသင်ဆုလျှောက်ထားနိုင်ပါသည်။

အောင်စာရင်းနှင့် စာမေးပွဲရမှတ်၏ Grading များထုတ်ပြန်ကြေညာခြင်း

(၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပထမနှစ်ဝက် စာမေးပွဲရမှတ်များ၏ Grading များ နှင့် (၂၀၁၉-၂၀၂၀) ပညာသင်နှစ် များအတွက် အောင်စာရင်းများကို နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ရှိ ကျောင်းသားရေးရာဌာန နှင့် သက်ဆိုင်ရာဌာနများတွင် မေးမြန်းနိုင်ပါသည်။